(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး သံတွဲခရိုင်ကိုယ်စားပြု (ပြည်နယ်အဆင့်)ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးဂုဏ်ပြုပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး သံတွဲခရိုင်ကိုယ်စားပြု (ပြည်နယ်အဆင့်)ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးဂုဏ်ပြုပွဲ ကျင်းပ




MNP ၊  စက်တင်ဘာ ၉

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး သံတွဲခရိုင် ကိုယ်စားပြု(ပြည်နယ်အဆင့်) ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီက သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ 

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌကိုယ်စားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင်  အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်ကအောင်နိုင်ရေးဂုဏ်ပြုအမှာစကားပြောကြားသည်။

ထိုသို့ပြောကြားရာတွင် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့်ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးဟူသည့် ဦးတည်ချက်များအရ နိုင်ငံတော်အဆင့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ခေတ်အဆက်ဆက် ကျင်းပဆောင်ရွက်ခဲ့သည်မှာ (၂၂)ကြိမ်မြောက်အထိ ကျင်းပနိုင်ခဲ့ပြီး ယခုအခါ (၂၃)ကြိမ်မြောက်ပြည်နယ်အဆင့်ပြိုင်ပွဲကို စက်တင်ဘာလ ၁၂ရက်မှ ၁၇ ရက်နေ့အထိကျင်းပရာတွင် သံတွဲခရိုင်ကိုယ်စားပြု ပြိုင်ပွဲဝင်များ အနေဖြင့် ဘာသာရပ်(၂၁)မျိုးအား ပြိုင်ပွဲဝင်(၁၀) ဦးမှပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ကိုလည်းသိရှိရပါကြောင်း ၊ အဆိုပါပြိုင်ဝင်များသည် အတွေ့အကြုံ လေ့ကျင့်သင်ကြားမှု၊ ပညာ ရပ်ပိုင်း ဆိုင်ရာ ကိုယ်စီတတ်ကျွမ်းများအပေါ် ကြီးကြပ်အုပ်ချုပ်သူ ဆရာသမားများ၏  အနီကပ်ပံ့ပိုး အားဖြည့်မှုများကြောင့် ပြည်နယ်အဆင့်ပြိုင်ပွဲမှသည် နိုင်ငံတော်အဆင့်ပြိုင်ပွဲတိုင်အောင် သံတွဲခရိုင်၏ ဂုဏ်ကိုဆောင်နိုင်သည့်ဆုတံဆိပ်များ ဆွတ်ခူးရရှိပါစေကြောင်း ပြောကြားခဲ့သည်။

ထို့နောက်ပြိုင်ပွဲဝင်များကိုယ်စား  အုပ်ချုပ်/နည်းပြ  ဦးအောင်ကျော်သိန်းက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပြီး အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း   သိရှိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)