ပေါင်မြို့နယ်၌ ၂၀၂၂ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ၂၀၂၂ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပ





MNP ၊ စက်တင်ဘာ   ၁၀

ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတကြွယ်ဝတိုးတက်စေရန်နှင့် ကမ္ဘာ့အထိမ်းအမှတ်နေ့များနှင့် သက်ဆိုင်သည့်ဗဟုသုတများ ရရှိစေရန်ရည်ရွယ်ချက်တို့ဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ရောက်ရှိမည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို   အခြေခံပညာ အထက်တန်းကျောင်းခန်းမဆောင်၌ ယနေ့နေ့လယ် ၁ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါအထိမ်းအမှတ်နေ့ အဖြစ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများတွင် ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အထက်တန်းကျောင်းခွဲများနှင့် အခြေခံပညာအလယ်တန်းကျောင်းတို့မှကျောင်းသား၊ ကျောင်းသူများဝင်ရောက်ဖြေဆိုနေမှုကို  တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဦးစီးဌာနမှ မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးနှင့် အထက ကျောင်းနှင့် အလကကျောင်း များက ကျောင်းအုပ်ကြီးတို့ကကြည့်ရှုအားပေးသည်။


စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် နှင့် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ ၂၄ ဦးတို့က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်"အကျွန့်ဆရာ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲယှဉ်ပြိုင်မှုတွင်"ဘဝလမ်းညွှန်၊ဆရာမွန်"ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် နှင့် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးတို့ကပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးဆုရရှိသူ ကျောင်းသား၊ ကျောင်သူများအား ပြိုင်ပွဲခေါင်းစဉ်များအလိုက် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)