မြောင်းမြမြို့၌ အခြေခံလူတန်းစားအိမ်ထောင်စုများအား ဆန်၊ ဆား၊ ကြက်ဥနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့၌ အခြေခံလူတန်းစားအိမ်ထောင်စုများအား ဆန်၊ ဆား၊ ကြက်ဥနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး




MNP - စက်တင်ဘာ  ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့်အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ အခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်တစ်ပြည် ၁၀၀၀/-ကျပ်နှုန်း၊ ကြက်ဥတစ်လုံး ၁၅၀/-ကျပ်နှုန်း၊ ဆီ(၅၀)ကျပ်သား ၂၅၀၀/-နှုန်း၊ ဆား(၅၀)သား ၂၅၀/-နှုန်းဖြင့် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိပြီး မီးသွေးမီးဖိုများကိုလည်း ကံစမ်းမဲဖောက်၍ အခမဲ့ပေးဝေနေကြောင်း သိရသည်။


ထိုသို့ရောင်းချပေးရာ၌ ယနေ့တွင် မြကန်သာရပ်ကွက်ရှိ အခြေခံလူတန်းစားအိမ်ထောင်စု(၅၂)စုနှင့် မြဟေမာရပ်ကွက်ရှိ အခြေခံလူတန်းစားအိမ်ထောင်စု(၃၂၀)စုတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ ရောင်းချခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)