မိုးကောင်းမြို့၌ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကောင်းမြို့၌ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲကျင်းပ

 



MNP - စက်တင်ဘာ   ၂၉


ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စိတ် (မိုးညှင်း)မှ ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းကို မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီတွင် ကျင်းပရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်/ကျေးစာရေးများ တက်ရောက်သည်။


မိမိတို့ကျေးရွာ၊ ရပ်ကွက်နယ်မြေအတွင်း လူကုန်ကူးမှုဖြစ်စဉ်များရှိလာပါက ရပ်ကျေးလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ လုပ်ဆောင်ရမည့် အချက်အလက်များအား သိရှိနားလည်သဘော ပေါက်စေပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက် တတ်စေရန် ရည်ရွယ်၍ သင်တန်းပို့ချရခြင်းဖြစ်ကြောင်း သိရသည်။


အခမ်းအနားတွင် မိုးကောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်မှ လူကုန်ကူးမှု စိစစ် ဖော်ထုတ်ရေးအဖွဲ့အနေဖြင့် မိုးကောင်းမြို့နယ်အတွင်း သက်ငယ်မုဒိမ်းမှုများနှင့် လူကုန်ကူးမှုများ မဖြစ်ပွား အောင် ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းကျူးလွန်ခံရသူများနှင့် လူကုန်ကူးခံရသူ များကို လူသားခြင်းစာနစိတ်ဖြင့် အကူအညီများပေးခြင်း၊ ပြစ်မှုကျူးလွန်သူများကို တရားဥပဒေနှင့်အညီ ထိရောက် ပြစ်ဒဏ်များရရှိရေး၊ တရားမဝင်လုပ်ကိုင်နေသည့် လူပွဲစားများမှ မိမိတို့မြို့နယ်အတွင်းရှိ ရွာသူရွာသားများကို ပြည်တွင်း/ပြည်ပသို့ တရားမဝင်အလုပ်သမားများ ပို့ဆောင်နေမှုတို့မှ ပူးပေါင်းကာကွယ်ကြစေလိုကြောင်း အမှာ စကား ပြောကြားသည်။


သင်တန်းကို အမှတ်(၃) လူကုန်ကူမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စိတ် (မိုးညှင်း)မှ ရဲအုပ်ဌေးဝင်းက သင်ကြား ပို့ချပြီး ရပ်ကွက်/ကျေးရွာတို့မှ အရန်မီသတ်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာစာရေးများ တက်ရောက်သည်။


သတင်း - သန်းလွင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)