စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး၌ ပုညရှင်သာသနာ့ဗိမာန်ပန္နက်တော်တင် မင်္ဂလာအခမ်းအနားနှင့် တောင်အဆင်းလမ်း ကတ္တရာ လမ်းသစ်ဖွင့်ပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး၌ ပုညရှင်သာသနာ့ဗိမာန်ပန္နက်တော်တင် မင်္ဂလာအခမ်းအနားနှင့် တောင်အဆင်းလမ်း ကတ္တရာ လမ်းသစ်ဖွင့်ပွဲတက်ရောက်



MNP - စက်တင်ဘာ  ၁၀


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင်စေတီတော်ကြီး ရင်ပြင်တော်ပေါ်တွင် ကျင်းပပြုလုပ်သော ပုညရှင်သာသနာ့ဗိမာန်တော် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ကြ‌ကြောင်းသိရသည်။


ပုညရှင်သာသနာ့ဗိမာန်တော် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားတွင် ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး စစ်ကိုင်းမြို့ ခေမာသီဝံ ကျောင်းတိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တပညာသီရိ ဆရာတော် ကြီးထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက ငါးပါးသီလခံယူ ဆောက် တည်ကြပြီး ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပန္နက်တိုင်၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ပန်းတို့အား ဆက်ကပ်လှူဒါန်းသည်။


ယင်းနောက် ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး စစ်ကိုင်းမြို့ ခေမာသီဝံကျောင်းတိုက် ပဓာနနာယက ဆရာတော် နိုင်ငံတော် သြဝါဒါစရိယ ဘဒ္ဒန္တပညာသီရိ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်များက အနုမောဒနာတရားနာယူ ကြည်ညိုကာ လှူဒါန်းမူအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေးပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


ဆက်လက်၍ မင်္ဂလာအချိန် ကျရောက်သည်နှင့်တစ်ပြိုင်နက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက သတ်မှတ်နေရာများတွင် ပန္နက်တော်တင်မင်္ဂလာ ပြုလုပ် ပေးကြပြီး အမွှေနံ့သာရေများ ပတ်ဖျန်းပေးကြသည်။


ထို့နောက် ဆွမ်းဦးပုညရှင် နာယကဆရာတော်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့အား စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာက ပုညရှင်သာသနာ့ ဗိမာန်တော် တည်ဆောက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ တည်ဆောက် ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး အနောက်ဘက ်ရင်ပြင်တော်ပေါ်တွင် တည်ဆောက်မည့် ပုညရှင်သာသနာ့ဗိမာန်တော်ကြီးသည် အလျား -၁၀၈ ပေ၊ အနံ - ၅၄ ပေ၊ အမြင့် - ၁၈ ပေဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆွမ်းဦးပုညရှင် တောင်ဆင်းလမ်း ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဆွမ်းဦးပုညရှင် တောင်ဆင်းလမ်းဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဦးစိုးဝင်း ကတ္တရာလမ်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊  တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ လမ်းဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးစိုးဝင်းတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ် တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


အဆိုပါ ဆွမ်းဦးပုညရှင်အဆင်းလမ်း အရှည် -၁၈၀၀ ပေ၊ အကျယ် - ၁၈ ပေ၊ ကတ္တရာလမ်း အမျိုးအစားဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ကတ္တရာ - ၁၉ တန် ထောက်ပံ့ကာ အလှူရှင်ထည့်ဝင်ငွေ - ၂၀.၁၀ သန်း၊ စုစုပေါင်း ကုန်ကျငွေကျပ် - ၄၉.၈၃ သန်းဖြင့် ဆောင်ရွက်ခဲ့သည်။


ယခင်က ဘုရားဖူးပြည်သူများအနေဖြင့် ဆွမ်းဦးပုညရှင်စေတီတော်ကြီးသို့ ဘုရားဖူးလာ ရောက်ရာတွင် အဆင်းလမ်းပျက်စီးနေမှုကြောင့် အတက်လမ်းတစ်လမ်းတည်းကို အသုံးပြုကာ အတက်၊အဆင်းပြုလုပ်လျက်ရှိရာမှ ယခုအခါ အဆိုပါအဆင်းလမ်း ပျက်စီးမှုများအားပြုပြင်ကာ ကတ္တရာလမ်းသစ် ခင်းပြီးဖြစ်ပါ၍ ဘုရားဖူးပြည်သူများအနေဖြင့် အတက်တစ်လမ်း၊ အဆင်း တစ်လမ်း အသုံးပြုနိုင်ခြင်းကြောင့် သွားလာမှုလွယ်ကူ ချောမွေ့မြန်ဆန်ပြီး ယာဉ်အန္တရာယ် ကင်းရှင်းစွာဖြင့် စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်တော့မည်ဖြစ် ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)