ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး





MNP ၊ စက်တင်ဘာ ၅

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ပညာသင် ကြားလျက်ရှိသော အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm)ထိုးနှံခြင်းကို ယနေ့၊ နံနက် ၁၀ နာရီကစ၍ ပုဏ္ဏားကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့်သက်ဆိုင်ရာကျောင်းများ၌ ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။


အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှရွှေနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးကြပြီး၊ လိုအပ်သည့်နေရာများတွင် ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရမည့် ကျောင်းသားကျောင်းသူ  ခုနှစ်ထောင်ကျော်ရှိပြီး၊ သတ်မှတ်နေရာ အသီးသီးတို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီစနစ်တကျ ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ  မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊စေတနာ့ဝန်ထမ်းများနှင့်ဆရာ၊ ဆရာမတို့က ကျောင်းသား/သူများအား ကာကွယ်ဆေး ထိုးနှံပေးရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် လိုအပ်သည့်နေရာများ၌ ပံပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)