ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 


MNP - စက်တင်ဘာ   ၁


ကရင်ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၉/၂၀၂၂)ကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။


 အစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးတွင် ဩဂုတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော ၆ လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကရင်ပြည်နယ်နှင့်သက်ဆိုင်သည့် အစည်းအဝေးဆုံးဖြတ်ချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားပြီး လုပ်ငန်းလမ်းညွှန်အနေဖြင့် ခံယူဆောင်ရွက်သွားကြစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ချက်များကို ပြည်သူများ အမှန်အတိုင်းသိရှိစေရေး၊ အသိပေးသင့်သည့်ကိစ္စရပ်များကို အချိန်မီ သတင်းထုတ်ပြန်အသိပေးရေး၊ သတင်းစီးဆင်းမှုမှန်ကန်မြန်ဆန်ရေးဆောင်ရွက်ရန်နှင့် နိုင်ငံပိုင်မီဒီယာများသာမက အခြားမီဒီယာများတွင်လည်း လိုအပ်သလိုထည့်သွင်းဖော်ပြနိုင်ရေး ဆောင်ရွက်ကြဖို့လိုကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ စတင်ဆောင်ရွက်နိုင်သည့် အနေအထားသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများ အနေဖြင့် မိမိဌာန၏လုပ်ငန်းဆောင်တာများအားလုံးကို သိရှိ နားလည်အောင် ဆောင်ရွက်ပြီး တာဝန်နှင့်ဝတ္တရာများ ကိုကျေပွန်စွာထမ်းဆောင်ကြစေလိုကြောင်း ပြောကြားသည်။


 ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ်(၈/၂၀၂၂)အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုများကို ဆွေးနွေးရှင်းလင်းတင်ပြခဲ့ကြပြီး ကရင် ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်ကလုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ လူမှုရေးဝန်ကြီးဦးစိုးလွင်က မဲစာရင်းမှန်ကန်းရေးဆိုင်ရာကိစ္စရပ်များကိုလည်း ကောင်း ဆွေးနွေးပြောကြားသည်။


ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)