ပေါက်တောမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများနှင့် အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းနေပြင်ပကလေးသူငယ် (၁၄၀၂၅)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယ) အကြိမ် ထိုးနှံပေးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများနှင့် အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းနေပြင်ပကလေးသူငယ် (၁၄၀၂၅)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ဒုတိယ) အကြိမ် ထိုးနှံပေးပြီးဖြစ်


MNP ၊ စင်တင်ဘာ    ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများနှင့် အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းနေပြင်ပ ကလေးသူငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယ)အကြိမ်ကို ယမန်နေ့နံနက်(၁၀)နာရီက သက်ဆိုင်ရာစုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိသည်။ 

ထိုသို့ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူ များနှင့် အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းနေပြင်ပ ကလေးသူငယ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး၊ ဆေးထိုးနှံပြီးသည့်သူများကို မိနစ်(၃၀)ခန့်စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွါခွင့်ပြုကြောင်း သိရသည်။

ပေါက်တောမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများတွင် ကိုဗစ် (၁၉)ရောဂါ ကာကွယ်ဆေး (ဒုတိယ)အကြိမ်ကို မိဘအုပ်ထိန်းသူတို့၏ ခွင့်ပြုချက်ဖြင့် ယမန်နေ့က အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိကျောင်းသား/သူစုစုပေါင်း (၇၂၈)ဦး ဆက်လက်ထိုးနှံပေးခဲ့ကာ စက်တင်ဘာလ (၁၃)ရက်နေ့အထိ (၁၄၀၂၅)ဦး ရာခိုင်နှုန်းအားဖြင့် (၆၆.၆၈)ရာခိုင်နှုန်း လာရောက်ထိုးနှံခဲ့ကြပြီး ကျန်ရှိသောကျောင်းသား/ ကျောင်းသူများအား သတ်မှတ်ထားသော အခြေခံပညာကျောင်းများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)