ဆီဆိုင်မြို့နယ်၌ ကျေးရွာမြေငှားဂရန်များပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့နယ်၌ ကျေးရွာမြေငှားဂရန်များပေးအပ်

 



MNP - စက်တင်ဘာ   ၈


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျေးရွာမြေငှား ဂရန်ပေးအပ်ရန် ကျန်ရှိသည့်တောင်သူများကို ယမန်နေ့ နံနက်ပိုင်းက နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၌ ကျေးရွာမြေငှားဂရန်ရရှိသည့် တောင်သူ ၄၉၇ ဦးရှိပြီး ဇွန်လ ၁ ရက်နေ့တွင် တောင်သူ ၄၀၀ ဦးအား မြေငှားဂရန်များအား လက်ဝယ်အရောက် ပေးအပ်ပြီး ဖြစ်ရာ ပေးအပ်ရန်ကျန်ရှိသည့် တောင်သူ ၉၇ ဦးအား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စာရင်းများတိုက်ဆိုင်စစ်ဆေး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် တာဝန်ရှိသူများက တောင်သူများထံသို့ ကျေးရွာမြေငှားဂရန်များအား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - မျိုးမြတ်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)