မိုးကုတ်မြို့နယ်၊ပန်ယောင်းကျေးရွာ၌ ဌာနဆိုင်ရာများပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကုတ်မြို့နယ်၊ပန်ယောင်းကျေးရွာ၌ ဌာနဆိုင်ရာများပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



MNP - စက်တင်ဘာ   ၁၄


မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်း၌ ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်၍ တည်ငြိမ်အေးချမ်းစေရန်အတွက်   နယ်မြေစိုးမိုးရေးအနေဖြင့်  ကွင်းဆင်းအဖွဲ့  စစ်ကြောင်းကြီး (၅)ကြောင်းဖြစ်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ(၃၄)ဦး ပါဝင်သောအဖွဲ့သည်  မိုးကုတ်မြို့မှ ထွက်ခွာလာခဲ့ရာ မိုးကုတ်မြို့နယ်၊ ပန်ယောင်းကျေးရွာ၌  ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင်  ဒေသခံပြည်သူများကျား(၂၆ )၊ မ(၃၅) စုစုပေါင်း (၆၁)ဦးနှင့် တွေ့ဆုံပြီး ဟောပြောဆွေ းနွေးခြင်း၊ဒေသခံပြည်သူများ၏ တင်ပြချက်များနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်  ညှိုနှိုင်းမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက်များဖြစ်သော ဒေသခံပြည်သူ (၂၀)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ လျှပ်စစ်မီတာခများ  ပေးဆောင်စေရေးအတွက်  ဆွေးနွေးခြင်းလက်ကမ်းစာစောင်များ ဝေငှခြင်း၊ ဝက်မွေးမြူရေးခြံများအား  ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကွင်းဆင်းဟောပြောကုသပေးခြင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ပုံ စံ(၇) ရရှိရေးမြေစာရင်း ပုံစံ (၁၀၅/၁၀၆) ရေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များအား အသိပညာပေးခြင်း၊ ကျောင်းနေရွယ် ကလေးများအား ကျောင်းနေထိုင်စေရေး   အသိပ ညာပေး  ဟောပြောခြင်း၊  ရွာတွင်းလမ်းများအား   ပြုပြင်နိုင်ရန်အတွက်စစ်ဆေးတိုင်းတာပေးခြင်း၊   ပန်းခင်းစီမံချက်အရ( ၂၀) ဦးအား  ပြု လုပ်ပေးခြင်း၊   မီးသတ်ဦးစီးဌာနမှ မီးဘေးကာကွယ်ရေးသရုပ်ပြခြင်း၊ နေကြာ၊ ကော်ဖီများစိုက်ပျိုးနည်းလမ်းများနှင့် ပိုးမွှားအန္တရာယ်ကာကွယ်ရေး၊ ယဉ်စည်းကမ်း၊လမ်းစည်း ကမ်းစသည့်လုပ်ငန်းများအား  သက်ဆိုင်ရာဌာနများနှင့် ကွင်းဆင်းစစ်ဆေး ကာလုပ်ငန်းများ အား  ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။


သတင်း - နန်းခွာညိုနှင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)