သာပေါင်းမြို့နယ်တွင် အိမ်ထောင်စုစာရင်းနှင့် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စိစစ်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ ကျေးရွာများအရောက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် အိမ်ထောင်စုစာရင်းနှင့် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စိစစ်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ ကျေးရွာများအရောက်ဆောင်ရွက်




MNP - စက်တင်ဘာ  ၂၆


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အိမ်ထောင်စုစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်း မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စိစစ်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကျေးရွာအုပ်စု(၁၄)စုသို့ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးနှင့် တာဝန်ပေးဖွဲ့စည်းထားသည့် သက်ဆိုင်ဌာနဆိုင်ရာတို့က‌ ကျေးရွာများသို့ သွားရောက်ဆောင်ရွက် ပေးလျက်ရှိကြသည်။

ထိုသို့ အိမ်ထောင်စုစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်း မှန်ကန်မှုရှိစေရေး တိုက်ဆိုင်စိစစ်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများကို ဘုရားနီကျေးရွာအုပ်စု၊ မယ်ဇလီကွင်းပေါက် ကျေးရွာအုပ်စု၊ ခေနန်ကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာအုပ်စု၊‌ ရွှေရောင်ချ ကျေးရွာအုပ်စု၊ ကွင်းပေါက်ကျေးရွာအုပ်စု၊ ဆက်သွားကျေးရွာအုပ်စု၊ ကျီးပင်ကျေးရွာအုပ်စု၊ ရုံးပင်ကျေးရွာ အုပ်စု၊ လဟာဂမုန်ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ရှောပြာကုန်းကျေးရွာအုပ်စု၊ ခွေးကုတ်ကျေးရွာအုပ်စုများသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်သွယ်နှင့် ဒုတိယဦးစီးမှူးများ၊ တာဝန်ပေးဖွဲ့စည်းထားသည့် သက်ဆိုင်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးဝန်ထမ်းများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ အထောက်အကူပြုအဖွဲ့များက ပူးပေါင်းကူညီ တိုက်ဆိုင်စိစစ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)