မွန်ပြည်နယ် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

 



MNP - စက်တင်ဘာ   ၆


မွန်ပြည်နယ်၌ ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအား တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို အခြေခံသည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် အမျိုးသားယဉ်ကျေးမှုစရိုက် လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက် နိုင်ရေးအတွက် အနှစ်သာရ ပြည့်ဝစွာဖြင့် ကျင်းပပြုလုပ်နေပြီးဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်လင်းထွန်းက ယမန်နေ့နံနက် ၉ နာရီခွဲခန့်က မော်လမြိုင်မြို့၊ ပြည်နယ် ခန်းမ၌ ကျင်းပသည့်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်)  ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။


ဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော်လင်းထွန်းက မိမိတို့နိုင်ငံကို ဒီမိုကရေစီစနစ်နှင့်အညီ တံခါးဖွင့်ပြီး နိုင်ငံတကာနှင့် ဆက်ဆံသည့်အခါ အခြားသောအရင်းအနှီးများ၊ နည်းပညာများ၊ အမျိုးသားယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော အမူအကျင့်များ စိမ့်ဝင်လာမှုများရှိသကဲ့သို့ အရှေ့တိုင်းယဉ်ကျေးမှုနှင့် မအပ်စပ်သော အနောက်တိုင်းယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာနိုင်သည့်အတွက် မိမိတို့လူငယ်များ၏ ရိုးရာယဉ်ကျေးမှုများ ပျောက်ကွယ်မသွားစေရေး ဆောင်ရွက်ပေးခြင်းဖြစ်ပြီး သားစဉ်မြေးဆက် ဆက်လက်တာဝန်ယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်နှင့် လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်တို့က ပြိုင်ပွဲအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။


 ထိုနောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ  အလှူရှင်များက ထည့်ဝင်လှူဒါန်းပေးကြသော အလှူငွေများကို ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမက ပေးအပ်ရာ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က လက်ခံရယူခဲ့ပြီး မွန်ပြည်နယ်သဘင် အစည်းအရုံးမှ မောင်စွမ်းထက်နိုင်နှင့်ချယ်ရီမြတ်တို့က အောင်စေပိုင်စေသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ဝါသနာရှင် ပြည်နယ်အဆင့် မင်းသား ချစ်ရေဆန်က အဆို၊ အက အလှဖြင့်တင်ဆက် ကပြခြင်း၊ အဆိုရှင် ချယ်ရီမြတ်က မြန်မာစိတ်ရင်း မြန်မာ့ရှုခင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။


မွန်ပြည်နယ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ပညာရေးကောလိပ်နှင့် အ.ထ.က (၈)ကျောင်းများတွင်ဆက် လက်ကျင်းပရာ ပြိုင်ပွဲအမျိုးအစား ဘာသာရပ် (၄)မျိုး၊ ပြိုင်ပွဲအဆင့် (၆)ဆင့်၊  အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင် (၁၆၈) ဦး၊ မွန်ယိမ်းအက ပြိုင်ပွဲဝင် (၈၆) ဦး၊  ပညာရှင်/ ဝါသနာရှင် စုစုပေါင်း (၂၅၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး စက်တင်ဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့ထိ (၂)ရက်ကြာ ယှဉ်ပြိုင်သွားကြမည်ဖြစ်ကာ ဆုရရှိသူများအား ဂုဏ်ပြုဆု များထိုက်တန်စွာ ပေးအပ်ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။


သတင်း - ခင်စန်းမြင့် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)