သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၉)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများကို ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး(၉၉၂၄)ဦး ထိုးနှံပေးနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၉)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများကို ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး(၉၉၂၄)ဦး ထိုးနှံပေးနိုင်ခဲ့



MNP - စက်တင်ဘာ   ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၉)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျောင်းဆေးထိုး သတ်မှတ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။


အခြေခံပညာကျောင်း သတ်မှတ်ဆေးထိုးနေရာတို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဆရာမကြီး ဒေါ်တင်တင်ဝင်းနှင့်ကာကွယ်‌ဆေးထိုး ဆရာ၊ ဆရာမတို့က ဂျပန်ဦးနှောက်ရောင် ရောဂါအကြောင်း အသိပညာပေး ရှင်းလင်းပြောကြားကြရာ ဂျပန်ဦးနှောက်ရောင်ရောဂါသည် ခြင်မှတဆင့် ကူးစက်ပြန့်ပွားနိုင်ပြီး ဦးနှောက်တွင်း ရောဂါပိုးပျံ့နှံ့စေ‌သော ရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်တစ်ရှူးများ ရောင်ရမ်းပျက်စီးခြင်းကို ဖြစ်စေနိုင်ကြောင်း၊ ရောဂါကုသနိုင်တဲ့ ဆေးဝါးမရှိသေးဘဲ ပြင်းထန်တဲ့ကူးစက်မှုတွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်စေပြီး ထိရောက်စွာ ကုသမှုမရှိပါက အသက်ဆုံးရှုံးရတဲ့အထိ အန္တရာယ်ပေးနိုင်‌ကြောင်း၊ အသက်ဆုံးရှုံးမှုမရှိဘဲ ပြန်ကောင်းလာ‌သော လူနာများမှာလည်း တစ်ဝက်ခန့်က နားလေးခြင်း၊ မျက်စိကွယ်ခြင်း၊ ကိုယ်လက်မသန်စွမ်းခြင်း၊ ဉာဏ်ရည်နိမ့်ကျခြင်း၊ စိတ်မူမမှန်ခြင်း စတဲ့ နောက်ဆက်တွဲ ရောဂါများခံစားရနိုင်ကြောင်း၊ ရောဂါဖြစ်ပွား‌စေသောဗိုင်းရပ်စ်ကို ဝက်၊ ငှက်၊ ခို၊ ဘဲ၊ လင်းနို့တို့တွင် တွေ့ရပြီး ၎င်းတို့ကိုကိုက်ခဲ့သော ခြင်မှတဆင့် လူနှင့်နို့တိုက်သတ္တဝါများထံ ပြန်ကူးစက်ခြင်းဖြစ်ကြောင်းနှင့် ကျေးလက်ဒေသတွေမှာ ပိုမိုအဖြစ်များပြီး လူက လူကို တိုက်ရိုက်ကူးစက်နိုင်မှုမရှိကြောင်း အသိပညာပေး ပြောကြားကြပြီး ၁၄ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၆၅၀)ဦး၊ ၁၅ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၃၇၂၇)ဦး၊ ၁၆ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၁၀၆၉)ဦး၊ ၁၉ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၂၁၆၂)ဦး၊ ၂၀ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၇၅၂)ဦး၊ ၂၁ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၂၄၀)ဦး၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျောင်းသား၊ ကျောင်သူ (၄၂၅)ဦး၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၃၅၅)ဦး၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၁၆၀)ဦး၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၃၈၄)ဦး ပေါင်း (၉၉၂၄)ဦး ထိုးနှံပေးနိုင်ခဲ့ပြီး ဆက်လက်၍ ကျန်ရှိဆေးထိုးနှံဦးရေပြည့်မှီအောင် ထိုးနှံ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)