ဗဟန်းမြို့နယ်တွင် အသက် (၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လယ်ဝယ်အရောက်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းမြို့နယ်တွင် အသက် (၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လယ်ဝယ်အရောက်ပေးအပ်




MNP - စက်တင်ဘာ  ၂၄


ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒုတိယအကြိမ် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာ နေထိုင်နိုင်ရန်ရည်ရွယ်၍ လူမှုရေးပင်စင်ခံစားခွင့်ရှိသူ ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ဘိုဘွား(၂၂)ဦးအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးကြောင်း သိရသည်။


ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် ယမန်နေ့နံနက်က မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဗဟန်းမြို့နယ် အမျိုးသမီးရေးရာ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ဘိုးဘွားတစ်ဦးလျှင် ကျပ် (၃၀၀၀၀)နှုန်းဖြင့် လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စန္ဒာဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)