တောင်တွင်းကြီးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 


MNP - စက်တင်ဘာ   ၃


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊‌‌ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ခိုင်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နေ့လယ်(၂)နာရီက ကြက်ဆူတော(တောင်)ကျေးရွာသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ခိုင်ထွန်းတို့က ကျေးရွာပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ နိုင်ငံသားတိုင်းနိုင်ငံသားစိစစ်ရေးကတ်တစ်မျိုးမျိုးကိုင်‌ ဆောင်ခွင့်ရရှိစေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေရရှိရေး၊ မီးလင်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်မှဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသည့် ကျေးရွာပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)