ညောင်ဦးမြို့နယ် ပုဂံမြို့ မြင်းကပါကျေးရွာမှ ယွန်းလုပ်သား ၅၀ ဦးအား မီးဖိုချောင်သုံး ပစ္စည်းများလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် ပုဂံမြို့ မြင်းကပါကျေးရွာမှ ယွန်းလုပ်သား ၅၀ ဦးအား မီးဖိုချောင်သုံး ပစ္စည်းများလှူဒါန်း

 


MNP - စက်တင်ဘာ   ၄


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ မြင်းကပါကျေးရွာ၌ ဝေမျှခြင်း ပရဟိတမိသားစုက စက်တင်ဘာ ၄ ရက်၊ နံနက် ၁၀နာရီအချိန်က ယွန်းလုပ်သား ၅၀ ဦး အတွက် မီးဖိုချောင်သုံးချက်ပြုစားစရာများလှူဒါန်းပေးခဲ့ကြောင်းသိရသည်။


ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုသည် ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ကျေးရွာများ၊တဲတိုက်များသို့ သောက်သုံး ရေလှူဒါန်းခြင်း၊ အခြေခံပညာကျောင်းသုံး ဗလာစာအုပ်၊ဘောပင်၊ ခဲ့တံ၊ ပေတံ၊များအား အခါအားလျှော်စွာ ကျောင်းသားကျောင်းသူများအား လှူဒါန်းခြင်းများ လှူဒါန်းလေ့ရှိကာ ယခုအခါ ယွန်းလုပ်သားအခြေခံလူတန်းစားများ လတ်တလောအဆင်ပြေစေရန်အတွက် ယွန်းလုပ်သား ၅၀ ဦးအတွက် တစ်ဦးလျှင် ဆန် ၃ ပြီ၊ ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀လုံး စီအား ဝေမျှခြင်းပရဟိတအသင်း (ရန်ကုန်)မှ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာသောက် သုံးရေအလှူတော်အသင်းမှ ဦးဝင်းမင်းထွန်းထံက သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)