ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ရခိုင်ပြည်နယ်အတွင်း ဝန်ကြီးဌာနကွပ်ကဲမှုအောက်မှ တပ်ဖွဲ့၊ ဦးစီးဌာနများရှိ ဝန်ထမ်းများ၊ ရဲမေမိသားစုများအား တွေ့ဆုံမှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ရခိုင်ပြည်နယ်အတွင်း ဝန်ကြီးဌာနကွပ်ကဲမှုအောက်မှ တပ်ဖွဲ့၊ ဦးစီးဌာနများရှိ ဝန်ထမ်းများ၊ ရဲမေမိသားစုများအား တွေ့ဆုံမှာကြား





MNP ၊ စက်တင်ဘာ ၆

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ တာဝန်ယူထားသည့် နယ်စပ်ဒေသစခန်းအား ရက်အတန်ကြာပိတ်ဆို့ကာ သာလွန်အင်အား အများအပြားဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် (ငါမသေ ငါ့စခန်းမကျစေရ)ဆိုသည့် ခိုင်မာသော သံန္နိဋ္ဌာန်စိတ်ဖြင့် နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ကြရသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးကျူးပါကြောင်း၊ ရဲတပ်ဖွဲ့မှ ကျင့်သုံးနေသည့် ရဲကျင့်ဝတ်အပါး (၇၀)အား တပ်ဖွဲ့ဝင်အားလုံး သိရှိလိုက်နာပြီး အစဉ်အလာ (၁၂)ရပ်တွင်ပါရှိသည့် လုံခြုံရေး ကိစ္စရပ်များအား နောင်တော်တပ်မတော်နှင့် လက်တွဲကာ ယခုကဲ့သို့ အောင်မြင်အောင် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြောကြားခဲ့သည်။


ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက စစ်တွေမြို့ရှိ ပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံးခန်းမနှင့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲခန်းမများတွင် လည်းကောင်း၊ စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် မောင်တောဒေသရှိ မြို့သူကြီးနယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနှင့် ကျီးကန်းပြင် နယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်များတွင် လည်းကောင်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေးအမှာစကား ပြောကြားရာတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။


ထိုပြင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားမှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်ခဲ့ရသည့် အကြောင်းရင်းများအား ချပြရှင်းလင်းကာ မိသားစုအတွင်း ကလေးငယ်များ ပညာရည်မြင့်မားရေးအတွက် နိုင်ငံတော်အကြီးအကဲမှ သတ်မှတ်ပေးထားသည့် ပညာရေးအဆင့်အတန်းအထိ နိုင်ငံတော်မှ အကုန်အကျခံကာ မသင်မနေရ ပညာရေးအဆင့် သတ်မှတ်ထားရှိမှု အခြေအနေနှင့် ကလေးငယ်များ ပညာရည်တိုးတက်မြင့်မားပြီး ဘဝတက်လမ်း အထောက်အကူပြုမှုတွင် မိခင်များ၏ အခန်းကဏ္ဍသည် အလွန်မြင့်မားစွာ ပါရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး ဂုဏ်ယူရမည်ဖြစ်ကြောင်းနှင့် မိသားစုများအနေဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ယခုထက် ပိုမိုတိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရေးတို့ကို အသေးစိတ်မှာကြားပြီး နေရာဒေသတစ်ခုချင်းစီမှ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား ပွင့်လင်းစွာ ဆန္ဒဖော်ထုတ်တင်ပြစေပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။


ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး မှူးရုံးတွင် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ပါ ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ကိန်းဂဏန်းစာရင်းဇယားများ တိကျမှန်ကန်မှု လိုအပ်သည့် အခြေအနေများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်ကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ပေါင်းစပ်အားဖြည့် ဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံတော်မှ ချမှတ်ထားသည့် ပြည်သူ့လုံခြုံရေးအဖွဲ့များဖြင့် စစ်ကြောင်းကြီး(၅)ကြောင်း လှုပ်ရှားမှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် မိသားစုများ ပညာရည်မြင့်မားရေးဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ် မှာကြားသည်။


အလားတူ ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်မီးသတ်ဦးစီးဌာနတွင် မီးသတ်ယာဉ်များ ကြံ့ခိုင်မှုကိုစစ်ဆေးပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များအား တွေ့ဆုံမှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်တွေအကျဉ်းထောင်တွင် အကျဉ်းသားများ၏ နေထိုင်စားသောက်မှုများ၊ ချက်ပြုတ်ကျွေးမွေးနေမှုနှင့် ရေ၊ မီး၊ မိလ္လာရရှိမှုကိစ္စရပ်များကို အဆောင်တစ်ဆောင်ချင်းစီ အသေးစိတ်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များအား E-ID Software Program me ဖြင့် Server အတွင်းသို့ ထည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှု၍ ဌာနများ လုပ်ငန်းတာဝန်အလိုက် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးပြီး Server စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများကို အသေးစိတ် လေ့လာကြည့်ရှုသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့ရှိ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ စားရိပ်သာ၌ တပ်ဖွဲ့ဝင်များနှင့်အတူ နေ့လယ်စာ စားသုံးပြီး စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေအခြေအနေနှင့် လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်းများ၏ လှုပ်ရှားဆောင်ရွက်မှု အခြေအနေတို့ကို အသိပေးပြောကြားကာ တပ်ဖွဲ့ဝင်များ၏ အခက်အခဲများကို ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ပေးပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိသားစုဝင်များအား သွားရောက်တွေ့ဆုံပြီး နေအိမ် လိုင်းခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ မိသားစုဝင်များ၏ အခက်အခဲ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကာ မူကြိုကျောင်းအတွက် လိုအပ်သော ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။


ယင်းနောက် တပ်ဖွဲ့ခွဲအတွင်း ရခိုင်ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တပ်တွင်းလမ်း ဖောက်လုပ်နေမှုနှင့် ကွန်ကရစ်ခင်းကျင်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)