ကျောက်ပန်းတောင်းမြို့နယ် ရွာလပ်ကျေးရွာရွာတွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ် ရွာလပ်ကျေးရွာရွာတွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်




MNP - စက်တင်ဘာ   ၉


မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်မှုကို၊ ယမန်နေ့နံနက်(၉)နာရီက ရွာလုကျေးရွာအုပ်စု၊ ရွာလပ်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဒေသဖွံ့ဖြိုးရေးတွေ့ဆုံဆွေးနွေးပွဲတွင် ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးက ဌာနဆိုင်ရာ များပူးပေါင်း၍ ဒေသတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြည်သူများနှင့်တွေ့ဆုံ၍ ညှိနှိုင်းတိုင်ပင်ဆောင် ရွက်သွားနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကျေးလက်ဖွံ့ဖြိုးရေးတို့ကို သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ဆွေးနွေးတင်ပြကြပြီး၊ ဒေသခံပြည်သူများက လိုအပ်ချက်များကို မေးမြန်းတင်ပြကြသည်။ ဒေသခံပြည်သူများ၏ မေးမြန်း တင်ပြချက်များနှင့်ပတ်သက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး၊ တွေ့ဆုံပွဲကိုရုပ်သိမ်းလိုက်သည်။ ယင်းနောက် အဖွဲ့နှင့်လိုက်ပါ လာသည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ အသက်(၁)နှစ်မှ (၅) နှစ်အောက် ကလေးများအား ပုံမှန် ကာကွယ်ဆေးထိုးခြင်းနှင့် ကိုဗစ်ကာကွယ်ဆေး(ထပ်ဆောင်း) ထိုးနှံပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေးစာရင်းများ ဖြည့်သွင်း/ပယ်ဖျက်/ပြင်ဆင်ခြင်းများကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


အဆိုပါ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနောင်ထွန်းနီ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ လုံခြုံရေးအဖွဲ့ဝင်များ စုစုပေါင်း အင်အား (၂၅) ဦးနှင့် ကျေးရွာဒေသခံပြည်သူ (၁၁၂) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - နေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)