မိတ္ထီလာတွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာတွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲကျင်းပ

 



MNP - စက်တင်ဘာ   ၃


မိတ္ထီလာခရိုင်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂ဝ၂၂)ဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


“မိတ္ထီလာခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းကို ဩဂုတ်လ ၂၂ ရက်နေ့ကနေ စက်တင်ဘာလ ၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ မိတ္ထီလာခရိုင်အတွင်းက လူမှုရေးအသင်းအဖွဲ့များမှ ၃ဝ ဦး၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် ၁ဝ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၁၁ ဦး ၊ တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံက သီးသန့်မီးသတ်တပ်ဖွဲ့ဝင် ၄ ဦး စုစုပေါင်း သင်တန်းသား ၅၅ ဦး တက်ရောက်ခဲ့ပါတယ်။ သင်တန်းမှာ ရှာဖွေကယ်ဆယ်ရေးဘာသာရပ်တွေ သင်ကြားပို့ချတဲ့နေရာမှာ နိုင်ငံတကာအဆင့်မီ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအသုံးပြုပြီး ရေတွင်းအသက်ကယ်ခြင်း၊ တိုက်များပြိုကျ၍ ပိမိနေတဲ့ အရေးပေါ် ဒဏ်ရာရရှိသူများကို ကယ်ထုတ်ခြင်း၊ ယာဉ်မတော်တဆမှုဖြစ်ပွားတဲ့အခါ စနစ်တကျ ကယ်ထုတ်ခြင်းစတဲ့ သင်တန်းစာတွေကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ပါတယ်” ဟု ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားမှူး ဦးကျော်ဆန်းက ပြောသည်။


အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက သင်တန်း ဆင်းအမှာစကားပြောကြားသည်။ သင်တန်းတွင် တစ်ဦးချင်းထူးချွန်ဆုရရှိသူများနှင့် အုပ်စုအလိုက် ထူးချွန်ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။


သင်တန်းသားသင်တန်းသူများအတွက် သင်တန်းသားတစ်ဦးထံသို့သင်တန်းဆင်းလက်မှတ်များကို ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ပေးအပ်ချီးမြှင့်သည်။ အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားပြီးစီးချိန်တွင် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြခြင်းကို သင်တန်းသားသင်တန်းသူများက လက်တွေ့ဆောင်ရွက်ပြသရာ တာဝန်ရှိသူများနှင့် တက်ရောက်ကြသူများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


သတင်း - ချမ်းသာ


မြန်မာရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)