လှိုင်မြို့နယ်၌ အခြေခံစားသောက်ကုန်များရောင်းချနေမှု အားရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦး စီုးသိန်းနှင့် တာဝန်ရှိသူများကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်မြို့နယ်၌ အခြေခံစားသောက်ကုန်များရောင်းချနေမှု အားရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦး စီုးသိန်းနှင့် တာဝန်ရှိသူများကြည့်ရှုအားပေး



MNP - စက်တင်ဘာ   ၁၀


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊အမှတ်(၄)ရပ်ကွက်၊ ယုဇနလမ်း၊ ဇေယျသိဒ္ဓိ ဓမ္မါရုံ၌ ယနေ့နံနက် ၉း၃၀နာရီအချိန်ကရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချနေမှုအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ လာရောက်ကြည့်ရှု အားပေးခဲ့သည်။


အဆိုပါ ပြည်သူများထံ ဆန်တစ်ပြည်(၁၆၀၀)ကျပ်၊ဆီတစ်ပိဿာ(၅၃၀၀)ကျပ်၊ကြက်ဥတစ်လုံး (၁၇၅)ကျပ် နှုန်းဖြင့် ရောင်းချပေးမှုများအား မရမ်းကုန်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ခိုင်၊ လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ များကစီမံဆောင်ရွက်ပေးခဲ့ပြီးလာရောက်ဝယ်ယူသည့် ပြည်သူများအား ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝင်များမှ Maskများ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


သတင်း - ကျော်ရဲအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)