တိုက်ကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး




MNP - စက်တင်ဘာ   ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးနှင့်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ် တော်လတီစံပြကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းစုရပ်၌ အခြေခံပညာကျောင်း ၂၄ ကျောင်းမှ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ် ထိုးနှံပြီးသူ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား (၂၀၃)ဦး၊ ကျောင်းသူ(၂၁၇)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၄၂၀)ဦးတို့အား    ကျန်းမာရေးဝန်ထမ်းများနှင့်အတူ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခဲ့ကြသည်။


တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကင်းဝေးစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းအား    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအထောက်အကူပြုအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - စန်းကလျာခိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)