ကချင်ပြည်နယ်ဝန်ကြီးချုပ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် နန်ပေါင်ရှောင် ကွင်းလမ်း (၈)မိုင်(၃)ဖာလုံ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ အား/ကာသိပ္ပံကျောင်း၊ မွေးမြူရေးသုတေသနနှင့် သရုပ်ပြခြံတည်ဆောက်နိုင်‌ရေး မြေနေရာများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် နန်ပေါင်ရှောင် ကွင်းလမ်း (၈)မိုင်(၃)ဖာလုံ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ အား/ကာသိပ္ပံကျောင်း၊ မွေးမြူရေးသုတေသနနှင့် သရုပ်ပြခြံတည်ဆောက်နိုင်‌ရေး မြေနေရာများ ကွင်းဆင်းစစ်ဆေး

 



MNP - စက်တင်ဘာ   ၂၄


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာသော မြို့ပြများဖြစ်လာစေရေးအတွက် အပတ်စဉ်စနေနေ့တိုင်း ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်း‌ရေး ဆောင် ရွက်ခဲ့ကြသည်။


ယင်းသို့ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုကို ပြည်နယ်ဝန်ကြိးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းဝင်းအတွင်းနှင့် အပြင်တို့တွင် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မိသားစုများ စုပေါင်း၍ သန့်ရှင်းသာယာလှပရေး သစ်ပင်ခြံနွယ်များ ခုတ်ထွင်ရှင်းလင်းနေမှု၊ အမှိုက်များကောက်ယူခြင်း၊ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး တူးဖော်ပေးခြင်း၊ ရေတွင်း/ရေကန်များ သန့်ရှင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းလုပ်ငန်းဆောင်ရွက်နေသူများအား ရေသန့်ဘူးနှင့် မုန့်များဝေငှခြင်း၊ ကျောင်းအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့တွင်း ပြည်ထောင်စုလမ်းမကြီးမှ တစ်ဆင့် မော်ဖောင်းကျေးရွာအုပ်စုအတွင်း ဖြတ်သန်း၍ ရှဒေါင်ကျေးရွာအထိ ပြည်နယ် လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် နန်ပေါင်ရှောင်ကွင်းလမ်း အရှည်ပေ (၈)မိုင် (၃)ဖာလုံလမ်းပိုင်းအတွင်း (၆)မိုင် (၃)ဖာလုံလမ်းအား ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်း နေရာသို့ သွားရောက်ခဲ့ကြသည်။


အဆိုပါ လမ်းပိုင်းအတွင်း ကွန်ကရစ်လမ်းခင်းနိုင်ရေးမြေညှိ၍ သဲကျောက်ခင်းကြိတ်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု၊ လမ်းဘေး ဝဲ/ယာအမာခံလမ်းပုခုံးပြုလုပ်ခြင်းနှင့် ကွန်ကရစ်ကပ်တုံးပြု လုပ်ခြင်း လုပ်ငန်းများ၊ လမ်းပိုင်းတွင်း Box Culvert (၁) စင်းပြုလုပ်နေမှုများနှင့်စပ်လျဉ်း၍ ပြည်နယ် လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်မောင်အုန်း၏ ရှင်းလင်းတင်ပြမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်ချိန်အမီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရေး၊  မြို့ရှောင်လမ်းတစ်ခုဖြစ်သော်လည်း ကျေးရွာများတွင် ဖြတ်သန်းသွားသည အတွက် ကျေးလက်ကုန်ထုတ်လမ်းများကိုပါ ဆောင်ရွက်ပေးနိုင်ရေး စနစ်တကျ ကွင်းဆင်းတိုင်း တာတင်ပြနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါလမ်းပိုင်းနှင့် တစ်ဆက်တစ်စပ်တည်း မော်ဖောင်း ကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေလပ် ဧက ၅၀၀ ပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်သွားမည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမြေနေရာ၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ မွေးမြူရေးသုတေသနနှင့် သရုပ်ပြခြံတည်ဆောက်မည့်မြေနေရာ အပါအဝင် ဌာနဆိုင်ရာများ၏ မြေနေရာများ သတ်မှတ်ပေးနိုင်ရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများ၏ ရှင်းလင်းတင်ပြမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထို့နောက် ဌာနဆိုင်ရာသတ်မှတ်မြေနေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည် နယ်ဝန်ကြီးချုပ်က နန်ပေါင်ရှောင်ကွင်းလမ်း၊ အား/ကာသိပ္ပံကျောင်းနှင့် ဌာနဆိုင်ရာရုံးများ ပါဝင်လာသည့်အတွက် မော်ဖောင်းကျေးရွာအုပ်စုအတွင်း မြို့ကွက်သစ်ပုံစံဖြင့် ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်၍ ရေရှည်အကျိုးဖြစ်ထွန်းလာစေရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းများအပြင်ဈေးနှင့် ကျေးလက်ကျန်းမာရေးဌာနမြေနေရာများကို လျာထားဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)