ကဝမြို့နယ်၌ ပဲခူးမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကဝမြို့နယ်၌ ပဲခူးမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ



MNP - စက်တင်ဘာ   ၁၄


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်အတွက် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ပဲခူး-ကဝ မြစ်ကူးတံတားတွင် ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ကြီးကြပ်ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရေလုပ်သားကြီးများက ပဲခူးမြစ်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။


ထိုသို့ငါးမျိုးစိုက်ထည့်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ငါးသယံဇာတ မပြုန်းတီးစေရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးစားသုံးမှုမြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ပဲခူးမြစ်အတွင်းသို့ (၂)လက်မအရွယ် ငါးမြစ်ချင်းကောင်ရေ(၁၇၀,၀၀၀)အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)