ကျုံပျော်မြို့ ရပ်ကွက်များအတွင်းရှိ ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှုများအား အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်မြို့ ရပ်ကွက်များအတွင်းရှိ ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးမှုများအား အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

 



MNP - စက်တင်ဘာ   ၇


အများပြည်သူ သွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ရပ်ကွက်များအတွင်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါလမ်းများ အရည်အ‌သွေး ပြည့်မီမှု ရှိ/မရှိအား အဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခြင်းကို  ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သိန်းစိုးဝင်း၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ဝင်း၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်သန်း နှင့် တာဝန်ရှိသူတို့က ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သည့် တေဇရပ်ကွက် အနော်ရထာလမ်း နှင့် အောင်ဆန်းရပ်ကွက် ရွှေနံသာလမ်းသွယ် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။


ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဒေါ်စန္ဒာအေးနှင့် အဖွဲ့က လမ်းခင်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ဆောင်ရွက်ထားရှိမှုတို့ကို တိုင်းတာပြသခြင်း၊ ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့‌ကြောင်းနှင့် ကျုံပျော် မြို့နယ် စည်ပင်သာယာ‌ရေး အဖွဲ့အနေဖြင့် လက်ရှိဘဏ္ဍာရေးနှစ်အတွင်း ရပ်ကွက်များ အတွင်းရှိ လမ်းများကောင်းမွန်ရေးအတွက် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် ကျောက်ချောလမ်း ခင်းပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - လပြည့်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)