နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား ထောက်ပံပစ္စည်းပေးအပ်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား ထောက်ပံပစ္စည်းပေးအပ်ပွဲ အခမ်းအနားတက်ရောက်

 




MNP - စက်တင်ဘာ   ၆


နေပြည်တော်ကောင်စီမှ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား ထောက်ပံပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကားပြောကြားရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာအနေဖြင့် ပြည်သူများဖြင့် အများဆုံးထိတွေ့ ဆက်ဆံရသည့် ဌာနဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန် ထမ်းဆောင်နေရသည့် ဝန်ထမ်းများအနေဖြင့်လည်း အချင်းချင်း စည်းလုံးညီညွှတ်စွာဖြင့် တစ်ဦးပေါ်တစ်ဦး စေတနာမေတ္တာထား၍ လုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းနှင့် ပြည်သူများအတွက် အားထားအကျိုးပြုသည့် ဝန်ထမ်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် ထောက်ပံပစ္စည်းများ ပေးအပ်ရသည့်အတွက် ဝမ်းသာပါကြောင်းနှင့်  ယခုလို ထောက်ပံ့ပစ္စည်းများကိုလည်း ဝန်ထမ်းများအား ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း (၁၈၃)ဦး အတွက် ဆန်၊ ကြက်ဥနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး အခမ်းအနားအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဝန်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - အောင်ကိုကို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)