လဲချားမြို့နယ် မြို့မကျေးရွာအုပ်စုတွင် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လဲချားမြို့နယ် မြို့မကျေးရွာအုပ်စုတွင် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန်ဆောင်ရွက်

 


MNP - စက်တင်ဘာ   ၁၉


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် မြို့မကျေးရွာအုပ်ရှိ ဖွေးဟိုင်းကျေးရွာ၊ နောင်ပန်ကျေးရွာတို့တွင် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။


အဆိုပါ မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန်ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဒု -လဝကမှူးဦးဌေးလွင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတို့မှ ဖွေးဟိုင်းကျေးရွာ၊ နောင်ပန်ကျေးရွာတို့ရှိ အိမ်ထောင်စုလူဦးရေ စာရင်းများမှန်ကန်မှုရှိစေရန်အတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့မှပူးပေါင်း ဆောင်ရွက်ခဲ့သည်။ လဲချားမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)