MNP - စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးများအား ခွေးရူး ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နေ့လယ် (၁၂) နာရီက ပြုလုပ်ခဲ့သည်။
“(၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေနဲ့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှာရှိတဲ့ ခွေးများကို ခွေးရူးကာကွယ်ဆေး လိုက်လံထိုးနှံပေးခဲ့ကြောင်း” မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ခိုင်ထွေးက ပြောသည်။
မြင်းခြံမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ခွေးရူးကာကွယ်ဆေးထိုးနှံခြင်းအား (၄၅) ကောင် ထိုးနှံပြီးကြောင်းနှင့် ကျန်ရှိနေသေးသည့် ခွေးများအားလည်း ကာကွယ်ဆေး လိုက်လံထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်း - ကျော်စွာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment