နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာအဖွဲ့နှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာအဖွဲ့နှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပ




MNP - စက်တင်ဘာ   ၆


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း လုပ်ငန်းရှင်များဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာအဖွဲ့နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပသည်။


အဆိုပါ တွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက မြို့နယ်အတွင်းရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များအနေဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေး၊ ကုန်ကြမ်းများအား ကုန်ချောအဖြစ်ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းဆောင်တာများ ပိုမိုဖွံ့ဖြိုးလာအောင် ဆောင်ရွက်နိုင်ရေး၊ လိုအပ်သည့်လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းရေး တွေ့ဆုံရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဟိန်းဇော်၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေးတို့က ဦးစီးဌာနမှ ဆောင်ရွက်ပေးမှုနှင့်စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် အသေးစားစက်မှုလက်မှု လုပ်ငန်းရှင်များက လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ပေးစေလိုသည့် လုပ်ငန်းများနှင့် သိရှိလိုသည့်လုပ်ငန်းများအား ဆွေးနွေးတင်ပြကြရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် သက်ဆိုင်ရာဌာနများမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု နည်းပညာရပ်များနှင့် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည့် လုပ်ငန်းအခြေအနေများကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။


သတင်း - တင်စိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)