ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဝူရှူးပြိုင်ပွဲဝင်ရန် လေ့ကျင့်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဝူရှူးပြိုင်ပွဲဝင်ရန် လေ့ကျင့်ပေး



MNP - စက်တင်ဘာ   ၈


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဝူရှူးပြိုင်ပွဲဝင်ရန်အတွက် သင်တန်းသား/သူများအား စခန်းသွင်းလေ့ကျင့်ခြင်းကို အမှတ်(၅)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် နေ့စဉ်လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါမိုးရာသီ ဝူရှူးအဆင့်မြှင့်လေ့ကျင့်ပေးခြင်းကို မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ သင်တန်းနည်းပြ ဦးဝင်းလှိုင်စိုး က ကျန်းစုခေါ်နှစ်ဖက်သွား ဓား၊ တုတ်၊ ချမ်းချွမ်၊ ကျန်ချန် အားကစားနည်း(၃)မျိုးဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ဝူရှူးအားကစားနည်းသည် စိတ်ဓာတ်ပိုင်းဆိုင်ရာကို အခြေခံပြီးကစားရသော အားကစားနည်းဖြစ်သည့်အတွက် သင်တန်းသား/သူများအနေဖြင့် လေ့ကျင့်သင်ကြားပေးခဲ့သော ဝူရှူးအားကစားနည်းများကို အကျိုးရှိစွာဖြင့် အသုံးချတတ်စေရန် ကိုယ်ခန္တာ ကျန်းမာကြံ့ခိုင်စေရန်၊ မိမိကိုယ်ကိုယုံကြည်မှုရှိစေရန်၊ မိမိစိတ်ကို Relax ဖြစ်အောင်နေထိုင်ရန်၊ ကိုယ်ခန္တာလှုပ်ရှားမှုသွက်လက်မြန်ဆန်စေရန်နှင့် ဝူရှူးအားကစားနည်းအား တတ်မြောက်၍ နိုင်ငံဂုဏ်ဆောင်နိုင်သော အားကစားသမားကောင်းများပေါ် ထွက်လာစေရန် ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


၎င်းသင်တန်းကို နွေရာသီအခြေခံအဆင့် (၁)လနှင့် မိုးရာသီအဆင့်မြှင့် (၁)လအကြာ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား/သူ (၃၀)ဦးအား ပြိုင်ပွဲဝင်နိုင်ရေးအတွက် အနီးကပ်လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - အေးမဉ္ဇူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)