သံဖြူဇရပ်မြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် ဘိုး/ဘွား (၈၈၅) ဦးအတွက် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်မြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် ဘိုး/ဘွား (၈၈၅) ဦးအတွက် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်

 



MNP - စက်တင်ဘာ   ၂၄


လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုး/ဘွား (၈၈၅) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက်လိုက်လံ ပေးအပ်လျက်ရှိကြောင်း သိရသည်။


ငပုတောမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား စုစုပေါင်း (၈၈၅) ဦးရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) လများအတွက် သက်ကြီးဘိုးဘွားတစ်ဦးလျှင် ငွေကျပ် (၃၀,၀၀၀) နှုန်းဖြင့်  စုစုပေါင်းငွေကျပ် (၂၆,၅၅၀,၀၀၀) ကို လိုက်လံပေးအပ်လျက်ရှိပြီး ဘိုး/ဘွားနှင့်တကွ မိသားစုများကလည်း ဝမ်းမြောက်လျက် ရှိကြကြောင်း သိရသည်။


ထိုသို့ထောက်ပံ့ပေးခြင်းကို သံဖြူဇရပ်မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၆) ခုနှင့် ကျေးရွာအုပ်စု (၂၅) အုပ်စုတို့တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ အိမ်တိုင်ရာရောက်လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။


သတင်း - အေးအေးသီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)