ရုရှားသမ္မတ ပူတင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားသမ္မတ ပူတင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံမည်



MNP ၊ စက်တင်ဘာ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ဟာ ရုရှားနိုင်ငံ၊ ဗလာဒီဗိုစတော့မြို့မှာပြုလုပ်နေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)အတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

မနက်ဖြန် စက်တင်ဘာလ ၇ ရက်နေ့မှာ သမ္မတပူတင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမည်ဖြစ်ပြီး အသေးစိတ်ကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ရုရှားသမ္မတပူတင်အနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပြင် ဖိတ်ကြားခံ ပြည်ပဧည့်သည်တွေဖြစ်သောအာမေးနီးယားနိုင်ငံဝန်ကြီးချုပ်၊ မွန်ဂိုလီယားနိုင်ငံဝန်ကြီးချုပ်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ရက်စ်အမြဲတမ်းကော်မတီဥက္ကဋ္ဌတို့နှင့် မျက်နှာစုံညီ ဆွေးနွေးပွဲ ပြုလုပ်မှာ ဖြစ်သလို တွေ့ဆုံမှုတွေကိုလည်း သီးခြားစီပြုလုပ်သွားမှာဖြစ်ကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF) သို့ တက်ရောက်ရန် ရုရှားနိုင်ငံတွင် ရောက်ရှိနေပြီး ယမန်နေ့ သတင်းထုတ်ပြန်ချက်များအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ရှိ ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း၊ အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ်နှင့် ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း တို့သို့ သွားရောက်လေ့လာကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)