သပိတ်ကျင်းမြို့၌ ပြည်သူများလိုအပ်ချက်ဖြစ်သည့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သပိတ်ကျင်းမြို့၌ ပြည်သူများလိုအပ်ချက်ဖြစ်သည့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး




MNP - စက်တင်ဘာ  ၁၄


မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်ရေး အထောက် အကူဖြစ်စေရန်နှင့် ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရန် ရည်ရွယ်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊သပိတ်ကျင်းတပ်နယ်မှ ယမန်နေ့နံနက် (၇)နာရီမှ( ၁၁)နာရီအထိ အခြေခံစားသောက်ကုန်များများကို သပိတ်ကျင်းမြို့ ကမ္ဘာအေးကွက်သစ်၊ မြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်းမြတ်သူတို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သပိတ်ကျင်း တပ်နယ်မှ ရောင်းချရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများက ဒေသခံပြည်သူများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊စုစုပေါင်း လူဦးရေ (၅၀၀)ခန့်တို့အား အခြေခံစားသောက်ကုန်များ ဖြစ် သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကြက်သွန်နီ၊ အာလူး၊ ခရမ်းချဉ်သီး စသည့်စားသောင်ကုန် အမျိုးမျိုးအား ပြည်သူများထံလက်ဝယ်အရောက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)