ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်လျက်ရှိ



MNP ၊ စက်တင်ဘာ ၁၀

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ခရိုင် ကာကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ကုသထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏လမ်းညွှန်မှု ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ကုသထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ သတင်းစုဆောင်းရေးနှင့်အသိပညာပေးရေးက်မေတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိ ပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်(၁၁)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတကာနှင့်အိမ်နီးချင်းနိုင်ငံ အချို့တွင်ဖြစ်ပွားလျက်ရှိကြောင်းနှင့်မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးများကို  ပြည်ပမှ ဝင်ရောက်လာသူများနှင့်ပြည်တွင်းကူးစက်ခံရသူများရှိလာသဖြင့် ရောဂါကြိုတင်ကာကွယ်ရေး အတွက် ပါးစပ်နှင့်နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်ကြရန်နှင့်နီးစပ်ရာကျန်းမာရေး ဌာနများ၊ ကျေးရွာ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့်ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းများကို မပျက်မကွက် ဆောင်ရွက်ကြရန် နှိုးဆော်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)