ဆိပ်ဖြူမြို့နယ် တဲကြီးကျေးရွာအုပ်စု၌ ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူလူထုတွေ့ဆုံ၍ ဒေသဖွံ့တိုးတက်ရေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ဖြူမြို့နယ် တဲကြီးကျေးရွာအုပ်စု၌ ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူလူထုတွေ့ဆုံ၍ ဒေသဖွံ့တိုးတက်ရေးဆွေးနွေး




MNP - စက်တင်ဘာ   ၁၁


မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် တဲကြီးကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများပါဝင်သော အဖွဲ့သည် စက်တင်ဘာလ ၉ ရက်နေ့ နေ့လယ်၁ နာရီခွဲအချိန်က တွေ့ဆုံ၍ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆွေးနွေးခဲ့သည်။


ဆိပ်ဖြူမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စုများဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးလျက်ရှိရာ တဲကြီးကျေးရွာ၊ အုပ်စုကျေးရွာပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့်အဖွဲ့ဝင်(၁)ဗိုလ်မှူး မျိုးဝင်းတို့က ဒေသဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်မှု လုပ်ငန်းများရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာဝန်ထမ်းများက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒေသခံပြည်သူများက မိမိတို့ရပ်ရွာဒေသများရှိ ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ၊ တဲကြီး‌ကျေးရွာနှင့် ချင်တောင်ကျေးရွာ ကျေးရွာချင်းဆက်ဖွံ့ဖြိုးရေးလမ်းပိုင်းဆိုင်ရာများ တင်ပြဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများက ကျေးလက်နေပြည်သူများ၏ တင်ပြဆွေးနွေးချက်များကိုပြန်လည်ရှင်းလင်းဆွေးနွေးပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုဇွဲ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)