ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် အောင်လံမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြား၍ အားကစားပစ္စည်းလက်ဆောင်များပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် အောင်လံမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြား၍ အားကစားပစ္စည်းလက်ဆောင်များပေးအပ်

 



MNP - စက်တင်ဘာ   ၆


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် အောင်လံမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြား၍ အားကစားပစ္စည်းလက်ဆောင်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား အားကစားပစ္စည်းလက်ဆောင်များပေးအပ်ခဲ့သည်။ ယင်းနောက် မြို့နယ်ပညာရေးမှူး ဦးချစ်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အ-ထ-က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးမာလာခိုင်က ဒုတိယဝန်ကြီးအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့၍ ကျောင်းစာကြည့်တိုက်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုခဲ့ကြောင်း သိရသည်။


သတင်း - မျိုးသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)