ရသေ့တောင်မြို့တွင် ဌာဆိုင်ရာများနှင့်ရပ်ကွပ်အုပ်ချုပ်ရေးမှူးများပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင် ဌာဆိုင်ရာများနှင့်ရပ်ကွပ်အုပ်ချုပ်ရေးမှူးများပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP ၊ စက်တင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ စစ်‌တွေခရိုင်၊ရ‌သေ့တောင်မြို့နယ်တွင် ဌာဆိုင်ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 


အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က ပြည်သူများ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိလာစေရန်နှင့် ကာကွယ်ထိန်း ချုပ်နိုင်ရန် Mask Campaign ပြုရန်နှင့်ပြည်သူများ၊ကျောင်းသား၊ကျောင်းသူများအား ကိုဗစ် ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးရာတွင် ထိုးနှံသူများ ကျန်ရှိမှုမရှိစေရေးနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး၊ နိုင်ငံ့ဝန်ထမ်း/မိသားစုဝင်များလည်း ကိုဗစ်ကာကွယ်ဆေးကို အကြိမ်ပြည့် မပျက်မကွက် ထိုးနှံဆောင်ရွက်ကြစေရေး၊ ဌာနဆိုင်ရာများ အနေဖြင့် ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား အချိန်မီပေးပို့ဆောင်ရွက်စေရေးတို့အား ပြောကြားခဲ့ကြောင်း သိရသည်။ 


ထို့နောက် မြို့နယ်စီမံချုပ်ရေးကောင်စီအဖွဲ့ဝင်ဦးဦးသိန်း‌မောင်မှ ပညာရေးငွေစုငွေချေးလုပ်ငန်းများကိုစနစ်ကျဆောင်ရွက်ကြရန်ပြောကြားပြီးမြို့နယ် ဌာဆိုင်ရာများက မိမိတို့၏ သက်ဆိုင်ရာ ဌာနလုပ်ငန်းအခြေအနေများနှင့် ရပ်ကွက်/ ကျေးရွာများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ၎င်းတို့၏ သက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


ထွန်းလင်းကျော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)