စဉ့်ကူးမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများသို့ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများသို့ ရောင်းချပေး









MNP ၊  စက်တင်ဘာ   ၁၃

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် သပိတ်ကျင်းတပ်နယ်မှ အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ပြုလုပ်ခဲ့သည်။


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စီစဉ်ဆောင်ရွက်မှုဖြင့် အမှတ် (၂)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး သောင်းစိန် ဦးစီး၍ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး သော်တာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ  ဆန်(၁)ပြည် ၁၄၀၀ ကျပ်နှုန်းဖြင့် ဆန် ၁၀ အိတ်၊ ဆီ(၁)ပိဿာ ၆၅၀၀ ကျပ်နှုန်းဖြင့် ပိဿာ ၂၀၀ ၊ ကြက်ဥ(၁)လုံး ၁၆၀ ကျပ်နှုန်းဖြင့် ၃၀၀၀ လုံး၊ ကြက်သွန်နီ ၁ ပိဿာ ၃၆၀၀ ကျပ်နှုန်းဖြင့် ၂၁၀ ပိဿာ၊ အာလူး ၁ ပိဿာ ၂၀၀၀ ကျပ်နှုန်းဖြင့် ၁၄၀ ပိဿာ၊ ခရမ်းချဉ်သီး ၁ ပိဿာ  ၂၃၀၀ နှုန်းဖြင့် ၁၁၂ ပိဿာ၊ ပင်လယ်ပြာအိုင်အိုဒင်းဆား ၁ ပိဿာ ၄၀၀ ကျပ်နှုန်းဖြင့် ၁၅၀ ပိဿာ၊ ပင်လယ်ပြာငံပြာရည်ပုလင်း ၁ ပုလင်း ၇၀၀ ကျပ်နှုန်းဖြင့် ၁၀၀ လုံး နှင့် ပဲတောင့်ရှည်များကို  ရပ်ကွက်နေပြည်သူ ၂၀၀၀ ဦးတို့ထံသို့ ရောင်းချပေးနိုင်ခဲ့သည်။


စဉ့်ကူးမြို့နယ်တွင် မြို့ပေါ်ရှိ ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိကျေးရွာများသို့ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ဈေးနှုန်းချိုသာစွာ ဆက်လက်ရောင်းချ‌နိုင်ရေး၊ ပြည်သူများ လက်ဝယ်အရောက်ဝယ်ယူနိုင်ရေး စနစ်တကျစီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)