ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံတကာနှင့် တိုင်းဒေသကြီး/ပြည်နယ် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံတကာနှင့် တိုင်းဒေသကြီး/ပြည်နယ် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ





MNP ၊ စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ နိုင်ငံတကာနှင့် တိုင်းဒေသကြီး/ပြည်နယ် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့က ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့မှ သြဂုတ်လ ၆ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဆိုလိုမြို့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၊ ဇူလိုင်လ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် တင်းနစ်ပြိုင်ပွဲများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရရှိခဲ့ကြပြီး နိုင်ငံ့ဂုဏ်နှင့်  ပဲခူးတိုင်းဒေသကြီး၏ ဂုဏ်ကိုမြှင့်တင်ခဲ့ကြတဲ့ ကစားသမားများ၊ အုပ်ချုပ်သူ၊ နည်းပြများအား ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယ ကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်နိုင်စေပြီး နိုင်ငံ့ဂုဏ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုဆောင်ပြီး အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထက်သန်စေနိုင်ပြီး ယှဉ်ပြိုင်မှုတိုင်းမှာ အနိုင်မခံ အရှုံးမပေးစိတ်ဖြင့် ရိုးရိုးသားသား ကြိုးစားပြိုင်ပွဲဝင်ခဲ့ကြပြီး နိုင်ငံတော်အတွက် ဆုတံဆိပ်များရယူပေးကာ နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးခဲ့သည့်အတွက် ကျေးဇူးတင် ဂုဏ်ယူရပါကြောင်းနှင့် ရှေ့လာမည့် အားကစားပြိုင်ပွဲများတွင်လည်း ယခုထက်ပိုမို အောင်မြင်မှုရရှိရေးအတွက် ယခုကထဲက အားထုတ်ကြိုးပမ်းကြရန် ပြောကြားခဲ့သည်။


ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားနည်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် အရှေ့တောင်အာရှအဆင့် လူငယ်တင်းနစ်ပြိုင်ပွဲနှင့် ပြည်နယ်နှင့် တိုင်းအဆင့်တွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ် ရရှိခဲ့သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများမှ  ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။


ယင်းနောက် ဆုရရှိသူ အားကစားသမားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြေားကြားခဲ့ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)