ဝါဆိုဝါကပ်တော်မူကြသော ဆရာတော်၊သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ပဲ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါဆိုဝါကပ်တော်မူကြသော ဆရာတော်၊သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ပဲ ဆက်ကပ်လှူဒါန်း




MNP - စက်တင်ဘာ   ၁

နယ်စပ်ရေးရာဝန်ကြီးဌာနမှ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် သီတင်းသုံးနေထိုင်တော်မူကြသော ဝါတွင်းကာလ ဝါဆိုဝါကပ်တော်မူကြသော ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမ‌ဏေများနှင့် သီလရှင်များ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဘားအံမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများသည် တောင်တန်းသာသနာ ပြုဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီနှင့်ပဲ တို့အား သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)