ကျုံပျော်ခရိုင်၊ အထောင်မြို့ ဗြဟ္မဝိဟာရ ကုသိုလ်ဖြစ်ဆေးခန်းမှ ဘိုးဘွား(၂၀၀)ဦးခန့်အား (အခမဲ့)ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်‌ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်ခရိုင်၊ အထောင်မြို့ ဗြဟ္မဝိဟာရ ကုသိုလ်ဖြစ်ဆေးခန်းမှ ဘိုးဘွား(၂၀၀)ဦးခန့်အား (အခမဲ့)ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်‌ပေး

 



MNP - စက်တင်ဘာ   ၅


သက်ကြီးဘိုးဘွားများ ကျန်းမာရေးကောင်းမွန်ပြီး စိတ်ချမ်းသာမှုရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့အမှတ်(၃)ရပ်ကွက် ဗြဟ္မဝိဟာရ ကုသိုလ်ဖြစ်ဆေးခန်းမှ ဘိုးဘွား(၂၀၀)ဦးခန့်အား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်‌ပေးခြင်းကို ယမန်နေ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် အထောင်မြို့ပေါ်ရှိ ပုဂ္ဂလိကဆရာဝန်များ၊ ကျန်းမာရေးမှူးများနှင့် ဗြဟ္မဝိဟာရ ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ရှိသူများ ပူးပေါင်း၍ အထောင်မြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ သက်ကြီးဘိုးဘွားများအား (အခမဲ့)ကျန်းမာရေး ကုသစောင့်ရှောက်မှုပေးခြင်း၊ ဆေးဝါးများ အခမဲ့ထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆေးဝါးအခမဲ့ကုသပေးခြင်းအပြင် လာရောက်ဆေးကုသသည့် အဘိုးအဘွားများအား စေတနာရှင် အလှူရှင်များက နံနက်စာ ပဲပြုတ်ဆီဆမ်း ထမင်းနှင့် ကြက်သားကြော်များ ကျွေးမွေးလှူဒါန်း ကုသိုလ်ယူခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါ ဆေးခန်းအနေဖြင့် ဆေးခန်းရန်ပုံငွေနှင့် အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အခမဲ့ ဆေးကုသခြင်းလုပ်ငန်းကို ဆောင်ရွက် ပေးလျက်ရှိ‌ကြောင်းနှင့် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြင့် ဒေသတွင်းရှိ ဘိုးဘွားများ မိသားစုဝင်များ ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။


သတင်း - လပြည့်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)