မြောင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းသဖြင့် ပြည်သူ ၃ ထောင်ကျော် ညအချိန် ထွက်ပြေးနေရ ဟုတ် ခေတ်သစ်မီဒီယာ က လုပ်ကြံဖန်တီး၍ ရေးသားဖော်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းသဖြင့် ပြည်သူ ၃ ထောင်ကျော် ညအချိန် ထွက်ပြေးနေရ ဟုတ် ခေတ်သစ်မီဒီယာ က လုပ်ကြံဖန်တီး၍ ရေးသားဖော်ပြ



ရန်ကုန်၊ စက်တင်ဘာ ၅

သတင်းအမှားများ၊ လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုများ အစဉ်တစိုက် ရေသားဖြန့်ချိ၍ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့အောင် လုပ်ဆောင်လျက်ရှိသော ပြည်ဖျက်မီဒီယာတစ်ခု ဖြစ်သည့် ခေတ်သစ်မီဒီယာက စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ညအချိန် ဝင်ရောက် စီးနင်းမှုများ လုပ်ဆောင်နေပြီး ကျေးရွာ ၉ ရွာမှ ပြည်သူ ၃ ထောင်ကျော်ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း PDF အကြမ်းဖက်သမားများ၏ ဆက်သွယ်သတင်းပေးပို့ မှုကို ကိုးကား၍ ရေးသားဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့သော NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်လှုပ်ရှားမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုး၍ နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိရာ စစ်ကြောင်းလာသည့်အခါ အကြမ်းဖက်သမားများက တစ်ရွာလုံးထွက်ပြေးရန် လှုံ့ဆော်ကြပြီး ၎င်းတို့နှင့်အတူ လိုက်ပါ တိမ်းရှောင်ခြင်း မရှိသူများကို ဒလန်စွပ်စွဲ၍ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသည်။

ဒေသခံများ၏ ပြောကြားချက်အရ "သူတို့က လှုံ့ဆော်တာ။ ကျွန်တော်တို့က ဘာမှ တပ်မတော်ကို ကြောက်စရာ မလိုဘူးလေ။ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ထားတာလည်း မရှိဘူး။ ကြောက်ရတာက PDF စစ်ကြောင်းလာပြီးဆိုတာနဲ့ တစ်ရွာလုံးကို ထွက်ပြေးခိုင်းတယ်။ သက်ကြီးရွယ်အို အဖိုးအဖွားတွေ၊ ကလေးသူငယ်တွေပါ မကျန် ဒုက္ခရောက်ကြရတာပေါ့ဗျာ။ စစ်ကြောင်းမရှိတော့ဘူး ဆိုမှ သူတို့နဲ့ အတူ ရွာထဲ ပြန်ဝင်ရတယ်။ စစ်ကြောင်းကို ကြောက်ရတာမဟုတ်ဘူး။ နီရာဓား ကြောက်နေရတာ။ အချိန်တန်ရင် စစ်ကြောင်းက ပြန်သွားရော။ သူတို့ ပြေးခိုင်းသလို လိုက်မပြေးရင် သူလျှို၊ ဒလန်ဆိုပြီး ပြဿနာရှာတော့ ဘယ်သူမှ ကူမယ့်သူ ကယ်မယ့်သူမရှိဘူး။ စစ်ကြောင်းကို ကြောက်ရတာ မဟုတ်ဘူး။ PDF တွေကို ကြောက်နေရတာ။" ဟု ပြောသည်။

ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် ခေတ်သစ်မီဒီယာတွင် လုပ်ကြံဖန်တီး၍ "အကြမ်းဖက် စစ်တပ်သည် နဘတ်ရွာကို စက်တင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး စက်တင်ဘာလ ၄ ရက်နေ့ ညပိုင်းတွင် ဘူးကိုင်းရွာထဲသို့ ရောက်ရှိနေကာ လက်ရှိချိန်တွင် ဘူးကိုင်း၊ ဆယ်ရွာ၊ ခေါင်းခွဲ၊ ဆင်မင်း၊ မယ်မသော်၊ သောင်ကြီး၊ နဘက်ရွာမှ ပြည်သူ ၁၃၀၀ ခန့်နှင့် အနီးဝန်းကျင်ရွာများမှ ပြည်သူများသည် ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။ စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းကလည်း မြစ်သာနှင့် ငါးရံ့အိုရွာမှ ပြည်သူ အမျိုးသား ၁၅ ယောက်ကို ဖမ်းဆီးသွားပြီး ပစ္စည်းထမ်းပိုး ခိုင်းကာ ၎င်းတို့ စစ်ကြောင်း ထိုးရာ ကျေးရွာများကို ခေါ်ဆောင်သွားကြောင်း သိရသည်။"ဟု ရေးသား ဖော်ပြထားသည်။

ခေတ်သစ်မီဒီယာ အနေဖြင့် အကြမ်းဖက်သမားများနှင့် ချိတ်ဆက်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို လုပ်ကြံသတ်ဖြတ်ခိုင်းခြင်း၊ လုပ်ကြံဖန်တီးရေးသးမှုများ ပြုလုပ်၍ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်အောင် အစဉ်တစိုက် ရေးသားဖော်ပြနေသော မီဒီယာတစ်ခုဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)