မာန်အောင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု (စိုက်ပျိုးရေး/ မွေးမြူရေး) သင်တန်းဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု (စိုက်ပျိုးရေး/ မွေးမြူရေး) သင်တန်းဖွင့်လှစ်ပို့ချ





MNP ၊ စက်တင်ဘာ ၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မာန်အောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများလုပ်ဆောင်ရာ၌ နည်းစနစ်မှန်ကန်မှုရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်းအ ထောက်အကူပြု(စိုက်ပျိုးရေး/မွေးမြူရေး)သင်တန်းကို စက်တင်ဘာ(၂)ရက်နေ့ နံနက်ပိုင်းက တောထူကျေးရွာ(အမက)ကျောင်းတွင် ဖွင့်လှစ်ပို့ချရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်က သင်တန်းဖွင့်လှစ်ပို့ချရခြင်းနှင့်ပတ်သက်၍ ရှင်း လင်းပြောကြားသည်။


အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု(စိုက်ပျိုးရေး/မွေးမြူရေး ပညာပေး) သင်တန်းကို ကျေးရွာမြစိမ်းရောင်စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကျေးရွာ(၉)ရွာတို့မှ သင်တန်းသား၊သင်တန်းသူ(၂၀)ဦးတို့ တက်ရောက်သင်ယူလျက်ရှိပြီး ဆက်စပ်ဌာနများဖြစ်သည့် စိုက်ပျိုးရေး/မွေးမြူရေး ဌာနများမှဝန်ထမ်းများက ရက်သတ္တနှစ်ပတ်ကြာ စာတွေ့လက်တွေ့ပို့ချပြ သပေးလျက်ရှိသည်။ ယင်းအပြင် သင်တန်းပြီးမြောက်သွားပါက သင်တန်းသားများအနေဖြင့် မိမိတို့၏ကျေးရွာများ၌ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ယခင်ကထက် ပိုမိုအောင်မြင် အောင် ဆောင်ရွက်လာနိုင်မည်ဖြစ်ပြီး  မြစိမ်းရောင်ကျေးရွာစီမံကိန်းကိုလည်း တစ်ဖက်တစ်လမ်း မှ အကျိုးပြုနိုင်မည်ဖြစ်သည်။   


မာန်အောင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုသင်တန်းနှင့်ဆိုပါက သင်တန်း(၁၂) ခုအထိရှိလာ ပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိ ရသည်။  


တင်ထွန်းဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)