မိတ္ထီလာမြို့၊ သဖန်းပင်ရိုးကျေးရွာတွင် တည်ဆောက်လျက်ရှိသည့် ရေသန့်စင်စက်နှင့် ရေသန့်စက်ရုံ ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

.com/img/a/

News Agency

demo-image

မိတ္ထီလာမြို့၊ သဖန်းပင်ရိုးကျေးရွာတွင် တည်ဆောက်လျက်ရှိသည့် ရေသန့်စင်စက်နှင့် ရေသန့်စက်ရုံ ရာနှုန်းပြည့်ပြီးစီး

 

47

MNP - စက်တင်ဘာ   ၂


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအုပ်စု၊ သဖန်းပင်ရိုးကျေးရွာတွင် ဒေသခံပြည်သူများ သန့်ရှင်းသော သောက်သုံးရေးဖူလုံစွာရရှိရေး ဆောင်ရွက်လျက်ရှိသည့် ရေသန့်စင်စက်နှင့် ရေသန့်စင်စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။


မိတ္ထီလာမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေအဆင်ပြေစေရန် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ၂၈.၅ သန်းဖြင့် သဖန်းပင်ရိုးကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်၍ တင်ဒါအောင်မြင်သည့် Bihope World ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့သည့် အလျား ပေ ၂၀၊ အနံ ၁၅ ပေ ရှိ Steel  Structure ရေသန့်စင်စက်ရုံနှင့် 1000 LPH ရေသန့်စင်စက် တည်ဆောက်ခြင်းလုပ်ငန်းများကို ဇွန်လ ၂၁ ရက်နေ့က စတင်ဆောက်လုပ်ခဲ့ရာ အဆိုပါရေသန့်စင်စက်နှင့် ရေသန့်စင်စက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ   သိရသည်။


အဆိုပါ ရေသန့်စင်စက်နှင့် ရေသန့်စင်စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးပြီးဖြစ်၍ သဖန်းပင်ရိုးကျေးရွာရှိ ဒေသခံပြည်သူများမှာ သောက်သုံးရေ အဆင်ပြေတော့မည်ဖြစ်ကြောင်း    သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages