နေပြည်တော်ကောင်စီမှ လယ်ဝေးမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများအား ဈေးနှုန်း သက်သာစွာဖြင့် ဆန်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီမှ လယ်ဝေးမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများအား ဈေးနှုန်း သက်သာစွာဖြင့် ဆန်ရောင်းချပေး



MNP - စက်တင်ဘာ   ၁၀


နေပြည်တော်ကောင်စီမှ လယ်ဝေးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ  အိမ်ထောင်စုများအား ယနေ့နံနက်ပိုင်းက ဆန်များဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။


လယ်ဝေးမြို့အမှတ် (၂) ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည်နှုန်း၊ ဆန်တစ်ပြည်ကို (၁၀၀၀) ကျပ်ဖြင့် ပြည် (၂၁၀) ရောင်းချပေးခဲ့ရာ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး၊ ကျန်ရပ်ကွက်များတွင်လည်း ဆက်လက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)