ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဈေးကားများဖြင့် ပုဇွန်တောင်မြို့နယ်ရှိ ပြည်သူများအား စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဈေးကားများဖြင့် ပုဇွန်တောင်မြို့နယ်ရှိ ပြည်သူများအား စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချ

 




MNP - စက်တင်ဘာ  ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ပြည်သူများစားရေးသောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ ဈေးများသို့သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စားသုံးနိုင်စေရန်နှင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် သန့်ရှင်းလတ်ဆတ်သောအသားများကို ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၆ နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ အနော်ရထာလမ်း(၅၄ လမ်းတိုထိပ်)တွင် ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပုဇွန်တောင်မြို့နယ်အတွင်း ဈေးကားများဖြင့် သွားရောက်၍ ရောင်းချပေးရာတွင် ဆန်၊ ဆီ၊ ကြက်ဥနှင့် ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သားစသည်တို့ကို လူတန်းစားမရွေးဝယ်ယူနိုင်သည့် အလေးချိန်များနှင့် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။


အဆိုပါဈေးရောင်းချရာသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယဌာနမှူး စီမံရေးရာဌာန(ခရိုင်/မြို့နယ်များ)နှင့် ဒုတိယဌာနမှူးတိ/ထုတ်ဌာန၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ ဈေးများဌာန၊ ပတ်/သန့်ခရိုင်မှူးများ လာရောက်အားပေးကြီးကြပ်ခဲ့ပြီး မြို့နယ်ခေတ္တရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့မှ လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ဟန်စုယဉ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)