ဝေါမြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါမြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကျင်းပ

 



MNP - စက်တင်ဘာ   ၉


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက အင်းတိုင်စုကျေးရွာရှိ တောင်သူဒေါ်ခင်အေး၏ လယ်မြေကွင်းအမှတ်(၇၀၈-ခ)၌ ကျင်းပကြောင်း သိရသည်။


အဆိုပါမိုးစပါးစံပြကွက်ရိတ်သိမ်းပွဲသို့ ပဲခူးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးမျိုးမင်းထွန်း၊ ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများက မိုးစပါးစံပြစပါးကွက်အား စပါးရိပ်ချွေစက်ဖြင့် ရိပ်ချွေနေမှုများနှင့်  မိုးစပါးစိုက်ပျိုးအောင်မြင်နေမှုအခြေအနေများကို ကြည့်ရှုကြသည်။


ထို့နောက်မိုးစပါးစံပြအထွက်နှုန်းအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးအောင်မိုးလွင်နှင့် ဝန်ထမ်းများက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မိုးစပါးစံပြကွက်ကို ရိတ်သိမ်းရာ တစ်ဧက အစိုတင်း(၈၂ )တင်း ထွက်ရှိကြောင်း သိရသည်။


သတင်း - အောင်မြတ်လင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)