ကျောက်ဖြူမြို့တွင် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းနှင့် ပစ္စည်းလေးပါးလောင်းလှူပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့တွင် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းနှင့် ပစ္စည်းလေးပါးလောင်းလှူပွဲပြုလုပ်








MNP ၊ စက်တင်ဘာ  ၁၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းနှင့် ပစ္စည်းလေးပါးလောင်းလှူပွဲကို ယနေ့ နံနက်ပိုင်းက အလယ်ပိုင်းရပ်ကွက်ရှိ သာသနာ့ဗိမာန်ဓမ္မာရုံရှေ့တွင် ကျင်းပပြုလုပ်ရာ မြို့ပေါ် ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးမှ ရဟန်းသံဃာတော်များနှင့် သီလရှင်ဆရာလေးများ၊ ကြွရောက်ခဲ့ကြသည်။  


ထိုသို့ မြို့လုံးကျွတ်ဝါဆိုသင်္ကန်းနှင့် ပစ္စည်းလေးပါးလောင်းလှူပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်(၁၈)မိုင်တောရဓမ္မရိပ်သာဆရာတော် ဒေါက်တာ စင်္ကြာဝဠာနှင့် သာသနာပြုတပည့် ဒါယိကာ၊ ဒါယိကာမများမှ ဦးဆောင်၍ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါလောင်းလှူပွဲသို့ ကျောက်ဖြူ မြို့ပေါ်ရပ်ကွက်များရှိ ကျောင်းတိုက်အသီးသီးမှ ရဟန်းသံဃာတော် (၃၅၀)ပါးနှင့် သီလရှင်(၃၀)ပါး၊ စုစုပေါင်း (၃၈၀)ပါးတို့ ကြွရောက်ခဲ့ကြသည်။ 


ယင်းသို့ ကြွရောက်လာသည့် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာလေးများအား ဆရာတော်၏ သာသနာပြုအဖွဲ့မှ သင်္ကန်းတစ်စုံ၊ နဝကမ္မအလှူငွေ တစ်သောင်းကျပ်၊ အာရုံဆွမ်း ကြာဇံကြော်တစ်ဘူး၊ မွန်းတည့်ဆွမ်းထမင်းနှင့် ငါးဟင်းတို့ကို လောင်းလှူခဲ့ကြပြီး ဒေသခံအလှူရှင် များမှလည်း သံဃာတော်နှင့် သီလရှင်များအတွက် ပစ္စည်းလေးပါးတို့အား စေတနာသဒ္ဒါတရား ထက် သန်စွာဖြင့် လောင်းလှူခဲ့ကြသည်။ ထို့နောက် (၁၈)မိုင်တောရဓမ္မရိပ်သာဆရာတော် ဒေါက်တာ စင်္ကြာဝဠာမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)