ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရသော ကျေးရွာစီမံကိန်းလုပ်ငန်းများ ကဏ္ဍအလိုက် ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရသော ကျေးရွာစီမံကိန်းလုပ်ငန်းများ ကဏ္ဍအလိုက် ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်



 MNP - စက်တင်ဘာ   ၁၄


နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ကချင်ပြည်နယ် စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စိုက်ပျိုး မွေးမြူရေးဆောင်ရွက်ရသော ကျေးရွာစီမံကိန်းလုပ်ငန်းများကို ကဏ္ဍအလိုက် ထိရောက်မြန်ဆန်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများ အနေဖြင့် လုပ်ငန်းတာဝန်များကို ချိတ်ဆက်ပူးပေါင်း ကြိုးစားထမ်းဆောင်ကြရေး ယမန်နေ့ ညနေ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် သည့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်/ခရိုင်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ နာယက၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပြည်နယ်စီးပွား မြှင့်တင်ရေးအတွက် ရင်းနှီးမတည်ပေးခဲ့သည့် ငွေကျပ် ၈ ဘီလီယံအား စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြှင့်မားလာစေရေး အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လမ်းညွှန်မှာကြား ချက်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်း အမိန့်ညွှန်ကြားချက်များနှင့် အညီ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမနှင့် ငါးလုပ်ငန်း များတွင် ရင်းနှီးမတည်လုပ်ကိုင်နိုင်ရေး စီမံကိန်းကျေးရွာ (၁၃၆)ရွာ ရွေးချယ်သတ်မှတ်ခဲ့ပြီး သက်ဆိုင်ရာဌာနများအနေဖြင့် ကဏ္ဍအလိုက် လုပ်ငန်းများ လျင်မြန်ထိရောက်စွာ ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း၊ ခရိုင်/မြို့နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ အနေဖြင့်လည်း လုပ်ငန်းတာဝန်များကို ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ထို့အပြင် စီမံကိန်း ကျေးရွာများတွင် ဆန်စက်၊ ဆီစက်၊ ပဲခွဲစက် အစရှိသည့် SME လုပ်ငန်းများကိုလည်း လည်ပတ်မှုကောင်းမွန် အောင် အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငွေကြေး သုံးစွဲမှုများကိုလည်း လေလွင့်မှု များမဖြစ်ပေါ်စေရေး ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက်  ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက စီမံကိန်းကျေးရွာများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမနှင့် ငါးလုပ်ငန်းများတွင် ရန်ပုံငွေများ ရင်းနှီးမြှုပ်နှံ မတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာ ကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်/ခရိုင်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာမြို့နယ်များအလိုက် စီမံကိန်းကျေးရွာများတွင် ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး (TOT) ဆရာအဖြစ် သင်တန်းများ ဖွင့်လှစ်ပို့ချပြီးစီးမှု အခြေအနေများနှင့် လုပ်ငန်းကော်မတီအသီးသီး ဖွဲ့စည်းဆောင်ရွက်သွားမည့် အစီအစဉ်များ ကို ရှင်းလင်းတင်ပြ ကြသည်။


ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းကျေးရွာများတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်နိုင်ရေး သမဝါယမအသင်းစုလုပ်ငန်းများနှင့် ချိတ်ဆက်ပေါင်းစပ် ဆောင်ရွက်ခြင်းအားဖြင့် ရင်းနှီးမတည်ငွေများ တိုးပွားလာစေပြီး ကျန်ရှိသည့် ကျေးရွာများတွင်လည်း တိုးချဲ့ လည်ပတ်နိုင်ရန် စီမံဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပေးအပ်ခဲ့သော ငွေကျပ် ၈ ဘီလီယံအား ပြည်နယ်ကော်မတီအနေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်းများကို မြို့နယ်ပေါင်း ၁၄ မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်မည့်ကျေးရွာ ၈၁ ရွာ၊ သမဝါယမလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာ ၃၅ ရွာ၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့်ကျေးရွာ ၁၅ ရွာနှင့် ငါးလုပ်ငန်းဆောင်ရွက်မည့်ကျေးရွာ ၅ ရွာ စုစုပေါင်း ကျေးရွာ ၁၃၆ ရွာတွင် ရန်ပုံငွေ များကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့် အညီ မတည်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)