ဗိုလ်တထောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် နှာခေါင်းစည်းများ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်တထောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် နှာခေါင်းစည်းများ ဖြန့်ဝေ

 



MNP - စက်တင်ဘာ   ၁၄


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပူးပေါင်းအဖွဲ့ကဦးဆောင်၍ ယမန်နေ့နံနက်(၀၉:၀၀)နာရီက ဘုရားဖူးများနှင့် ခရီးသွားပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်ရေးလှုပ်ရှားမှု ပြုလုပ်ပြီး နှာခေါင်းစည်းများကိုအခမဲ့ဖြန့် ဝေပေးခဲ့ကြောင်းသိရသည်။


ထိုသို့ဖြန့်ဝေပေးရာတွင် ဗိုလ်တထောင်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဂေါပကအဖွဲ့ဝင်များနှင့် ရုံးအဖွဲ့မှူးတို့က ဗိုလ်တထောင်ဆံတော်ဦးစေတီတော်ဘုရားရှေ့၌ ဘုရားဖူးများနှင့် ခရီးသွားပြည်သူများ လက်ဝယ်အရောက် နှာခေါင်းစည်းများအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဟေမာဇော်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


သတင်း - သိန်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)