ရသေ့တောင်မြို့တွင် စာရေးဆရာ ဒေါက်တာသိန်းလွင်(ပညာရေးစိတ် ပညာပါရဂူ‌ )ရေးသားသည့် ကျောင်းနှင့်ဘဝဆက်စပ်ပြင်ဆင်ကြ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင် စာရေးဆရာ ဒေါက်တာသိန်းလွင်(ပညာရေးစိတ် ပညာပါရဂူ‌ )ရေးသားသည့် ကျောင်းနှင့်ဘဝဆက်စပ်ပြင်ဆင်ကြ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်





MNP ၊ စက်တင်ဘာ ၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အထက(၂)ကျောင်းမှကျောင်းသား/သူများနှင့် ယနေ့ နေ့လည်ပိုင်းက စာရေးဆရာ ဒေါက်တာသိန်းလွင်(ပညာရေးစိတ် ပညာပါရဂူ‌ )ရေးသားသည့် ကျောင်းနှင့်ဘဝဆက်စပ်ပြင်ဆင်ကြ စာအုပ် ဖြင့်စာဖတ်ဝိုင်းကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 


ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးက မိဘတွေသားသမီးတွေနဲ့ဘယ်လိုဆက်ဆံကြရမယ်ကောင်းတဲ့အမူအကျင့်တွေ အတုယူနိုင်ရန်နဲ့မကောင်းတဲ့အမူအကျင့်တွေကိုရှောင်ရှားနိုင်ရန်နှင့်သားသမီးအ‌ ပေါ်ထားရှိကြတဲ့မိဘတွေရဲ့စေတနာမေတ္တာတွေကို ကလေးတို့သိရှိနားလည်စေရန်ရည်ရွယ်၍ ယခုလို စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ 


ဆက်လက်၍ စာပေချစ်မြတ်နိုးသူများဖြစ်ကြသည့် မောင်ကောင်းမြတ်ဟိန်းက"ကြိုးစားအားထုတ်မှုနှင့်ရလဒ် " ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မ‌မေသူသူကျော်က "ကလေးတို့အမြင်နှင့်သုံးသပ်ချပ် " ခေါင်းစဉ်ဖြင့်လည်းကောင်း၊‌ မောင်ဇေယျာဝင်းက"အပြုအမူအလေ့အကျင့်ပြုပြင်ပေးရာမှာလိုက်နာသင့်တဲ့မူများ" ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဖတ်ကြားဆွေးနွေးချက်များအပေါ် ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက ထပ်ဆင့်ရှင်းလင်း ဆွေးနွေး‌ ဟောပြောခဲ့ကြောင်း သိရသည်။ 


ထွန်းလင်းကျော် 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)